Pluses Financial Services

Myanmar Commercial Specialty Finance Company
Delivering Customized Solutions

Pluses Financial Services

We provide customized financing solutions
for businesses of the real economy

ကျွန်ုပ်တို့အကြောင်း

အောင်မြင်မှုမှတ်တိုင်သစ်များဆီသို့

ထိရောက်သော ကာလတိုချေးငွေ ဝန်ဆောင်မှုများပေးပြီး မြန်မာနိုင်ငံမှာရှိတဲ့ အလယ် အလတ် စီးပွားရေး လုပ်ငန်းများ ပိုမိုကြီးပွားလာစေဖို့ ဆိုတာကျွန်ုပ်တို့ ပေါင်းလဒ် ရဲ့ရည်မှန်းချက်ပါ။ ရေတိုအမြတ်စွန်း ရရှိရေးထက်၊ နှစ်ဦးနှစ်ဖက်ရေရှည် အကျိုးရှိစေမယ့် ဆက်ဆံရေးမျိုးကိုသာ ဖော်ဆောင်ပေးနိုင်အောင် အဓိကထားလုပ်ဆောင်ပါတယ်။

ပေါင်းလဒ် ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်း ကုမ္ပဏီလီမိတက်ဟာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်တွင် မှတ်ပုံတင်ထားပြီး၊ ဘဏ်မဟုတ်သည့် ငွေရေး ကြေးရေး ဝန်ဆောင်မှု လုပ်ငန်း တစ်ခုဖြစ်ပါတယ်။ စီးပွားရေး လုပ်ငန်းရှင်များ၏ ငွေကြေးဆိုင်ရာ ကိစ္စရပ်များ အတွက် အကြံဉာဏ် ကောင်းများဖြင့် လမ်းညွှန်မှု ပေးနေတာကြောင့် သာမန်ငွေရေး ကြေးရေး ဝန်ဆောင်မှု ကုမ္ပဏီ တစ်ခုထက် ပိုထူးခြားပါတယ်။ ကျွန်ုပ်တို့ အဖွဲ့အစည်းရှိ ဒါရိုက်တာများရဲ့ အတွေ့အကြုံ များဟာ လုပ်ငန်းရှင်တို့ရဲ့ လိုအပ်ချက်တွေကို အကောင်းဆုံး ကူညီပေးနိုင်မယ်လို့ လည်းယုံကြည်ပါတယ်။ ခြုံငုံပြီး ပြောရမယ်ဆိုရင် ပေါင်းလဒ် ဆိုတာ မတူကွဲပြားတဲ့ လုပ်ငန်းရှင် များရဲ့ ငွေကြေးဆိုင်ရာ အခက်အခဲ အမျိုးမျိုးကို အသေးစိတ် လေ့လာပြီး အသင့်တော်ဆုံးသော အဖြေတစ်ခု ရှာဖွေ ဖော်ထုတ်ပေး ခြင်းဖြစ်ပါတယ်။

ပေါင်းလဒ် ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်း ကုမ္ပဏီလီမိတက်ရဲ့ ဝန်ဆောင်မှုဟာ ပေါင်းလဒ် ရဲ့ ဆောင်ပုဒ်နဲ့အညီ သက်သာမျှတတဲ့ နှုန်းထား ၊ လျင်မြန်တိကျပြီး ရှင်းလင်းတဲ့ ဝန်ဆောင်မှုတွေပဲဖြစ်ပါတယ်။ လူကြီးမင်းတို့ ရဲ့စီးပွားရေးဟာ လက်ရှိ အခြေအနေထက် ပိုကောင်းမွန်လာဖို့ ပေါင်းလဒ် ရှိနေတယ် ဆိုရင်လည်း မမှားပါဘူး။ “ သာမန်ကောင်းမွန်မှု ”နှင့် မရပ်တန့်ဘဲ မည်သည့်အရာတွင် မဆို “ သာလွန်ကောင်းမွန်မှု ” ကိုသာအမြဲ ရှာဖွေလေ့ရှိပြီး လူကြီးမင်းတို့၏ အကျိုး စီးပွားကိုသာ ရှေးရှုသည့် ဘဏ္ဍာရေး ဝန်ဆောင်မှုမျိုး နဲ့ အတူ ပေါင်းလဒ် ရှိလို့ နေပါပြီ။

Pluses Financial Services Logo

REGISTERED UNDER THE CENTRAL BANK OF MYANMAR (CBM)

Central Bank of Myanmar Logo

စီးပွားရေးကန်ထရိုက်ဆိုင်ရာချေးငွေဝန်ဆောင်မှု

လုပ်ငန်းအခြေအနေနှင့်ကိုက်ညီရန် သီးသန့်ဖော်ဆောင်ပေးသော ချေးငွေဝန်ဆောင်မှု

စီးပွားရေး ကန်ထရိုက်ဆိုင်ရာ ချေးငွေ ဝန်ဆောင်မှုဆိုတာ အဓိကအားဖြင့် စီးပွားရေး လုပ်ငန်းရဲ့ ကန်ထရိုက် စာချုပ်များနှင့် ပဋိဉာဉ်စာချုပ်များကို အခြေခံပြီး ရိုးရှင်း၊ ထိရောက်သော ကာလတိုချေးငွေ ဝန်ဆောင်မှုမျိုးပဲ ဖြစ်ပါတယ်။ ယင်းချေးငွေ ဝန်ဆောင်မှု ရယူရန်အတွက် လျှောက်ထားသူ လုပ်ငန်းရှင်၏ ကြွေးမြီဆိုင်ရာ မှတ်တမ်း အထောက်အထားများထက် လုပ်ငန်း ကန်ထရိုက်ဆိုင်ရာ စာချုပ်ပါ စည်းကမ်းသတ်မှတ်ချက်များ၊ လုပ်ငန်းအပ်နှံသူ၏ ဂုဏ်သတင်းကောင်းများနှင့် ယုံကြည်စိတ်ချရမှုများက ပိုမိုအဓိကကျပါတယ်။ ပုံမှန်အားဖြင့် ချေးငွေပမာဏမှာ ကုန်ကြမ်းပစ္စည်းနှင့် သယ်ယူပို့ဆောင်ခများ အပါအဝင် အမှန်တကယ် ကုန်ကျမယ့် စရိတ်ရဲ့ ပမာဏသာဖြစ်ပါတယ်။ ချေးငွေ ကာလမှာ ကန်ထ ရိုက်စာချုပ် စတင်သည့်နေ့မှ ယင်းစာချုပ်အရ စာချုပ်ပါ တန်ဖိုး အပြေအကြေ ရရှိမည့်နေ့အထိ အကျုံးဝင်ပါသည်။

Myanmar Contract Financing, Contract Financing Myanmar

ပေါင်းလဒ်အကြောင်းမိတ်ဆက်

Pluses Financial Process

လုပ်ငန်းစဉ်

ချေးငွေပမာဏကို စာချုပ်ပါစည်းမျဉ်း၊ စည်းကမ်းများ ပေါ်တွင်မူတည်ပြီး ထုတ်ပေးခြင်းဖြစ်ပါတယ်။ ချေးငွေပြန်လည်ပေးဆပ်ခြင်းကို စာချုပ်ပါ လုပ်ငန်းပြီးစီးအပ်နှံမှုပေါ်တွင် မူတည်၍ (ကုန်စာရင်းပြေစာအရ) အပြည့်အဝ သော်လည်းကောင်း၊ အပိုင်းအခြားတစ်ခုချင်းစီ အလိုက်သော်လည်းကောင်း ပြန်လည်ပေးဆပ် နိုင်ပါတယ်။

Pluses Financial Beneifts

ကောင်းမွန်သောအားသာချက်များ

ကန်ထရိုက်ဆိုင်ရာချေးငွေဟာ ဘဏ်ချေးငွေထက် ပိုမိုလွယ်ကူ မြန်ဆန်ရိုးရှင်းလို့ အချိန်ကုန် သက်သာစေပါတယ်။ အဓိကအားသာချက်မှာ ကြွေးမြီဆိုင်ရာ မှတ်တမ်းအထောက်အထားများနှင့် အာမခံပစ္စည်းများ ပေးအပ်ရန် မလိုအပ်ခြင်းပဲဖြစ်ပါတယ်။

Pluses Financial Fit for Whom

သင့်တော်သည့်လုပ်ငန်းများ

ကန်ထရိုက်ဆိုင်ရာချေးငွေဟာ ကုန်ကြမ်းနှင့် တင်ပို့စရိတ်များပေးချေရန် ကောင်းစွာလုံလောက်တဲ့ အတွက် လျင်မြန်စွာ တိုးတက်နေတဲ့လုပ်ငန်းများ၊ အစိုးရဌာန (သို့မဟုတ်) ကုမ္ပဏီကြီးများနှင့် ကန်ထရိုက်စာချုပ် ချုပ် ဆိုပြီး လုပ်ကိုင်နေတဲ့ လုပ်ငန်းများအတွက် သင့်လျော်ပါသည်။

Pluses Financial Why Contract Finance

ဘာကြောင့် ရွေးချယ်သင့်သလဲ။

အခြားစီးပွားရေးဆိုင်ရာ ဘဏ်ချေးငွေများနှင့် မတူညီဘဲ မိမိလုပ်ငန်းနှင့်ကိုက်ညီတဲ့ ငွေကြေးဆိုင်ရာ အခက်အခဲများအတွက် ရိုးရှင်း၊ မြန်ဆန်ပြီး စျေးနှုန်းသင့်တင့် စွာဝန်ဆောင်မှုပေးနေသောကြောင့်ဖြစ်သည်။

Pluses Financial Are You Eligible

ချေးငွေရယူရန် လိုအပ်ချက်များ

လုပ်ငန်းသက်တမ်း အနည်းဆုံး သုံးနှစ်ရှိပြီး မြန်မာနိုင်ငံတွင်မှတ်ပုံတင်ထားသောကုမ္ပဏီဖြစ်ရပါမယ်။ အစိုးရဌာနများ၊ ကုမ္ပဏီကြီးများထံမှ တရားဝင်စာချုပ်စာတမ်းများနှင့် အတည်ပြုပြီးဖြစ်သော ကုန်ပစ္စည်းအဝယ် အမှာစာများ လက်ခံရရှိထားပြီးဖြစ်ရန် လိုအပ်ပါတယ်။ (အထက်ကအချက်များနှင့် ပြည့်စုံတယ်ဆိုရင် လူကြီးမင်းတို့ကို ဝန်ဆောင်မှုပေးရန် ပေါင်းလဒ် ကိုဆက်သွယ်လိုက်ဖို့
တိုက်တွန်းပါရစေ။)

Pluses Financial About Your Project

သင့်လုပ်ငန်းအကြောင်း

ချေးငွေလျှောက်ထားသောစီမံကိန်း၏သဘောသဘာဝ အဓိကအားဖြင့် ဆုံးရှုံးနိုင်ချေနည်းတဲ့ စီမံကိန်းမျိုး ဖြစ်ရပါမယ်။ စီမံကိန်း၏ အကျိုးအမြတ်ဟာ ချေးငွေဝန်ဆောင်ခနှင့်ကျသင့်အတိုးများကို ပေးချေဖို့ ကောင်းစွာလုံလောက်နိုင်မယ့် အနေအထားမှာ ရှိဖို့လိုအပ်ပါတယ်။ ဝန်ဆောင်မှုလုပ်ငန်း စာချုပ်မျိုးဖြစ်ပါက ယင်းစာချုပ်ပါလုပ်ငန်းတွင် အသုံးပြုရမယ့် လုပ်ငန်းသုံးစက်ပစ္စည်းကရိယာများ ဝယ်ယူရန်အတွက်လည်း ချေးငွေလျှောက်ထားနိုင်ပါတယ်။

လုပ်ငန်းသဘောသဘာဝ

HOW IT WORKS

ကျွန်ုပ်တို့နှင့် လက်တွဲပါ

အသိပညာများ နှင့် အောင်မြင်တိုးတက်တဲ့ အသက်မွေးဝမ်းကြောင်းတစ်ခုစတင်ရန်

ပေါင်းလဒ် ဟာ တစ်မူထူးခြားဆန်းသစ်သည့် ငွေရေးကြေးရေး ဝန်ဆောင်မှုကဏ္ဍသစ် တစ်ခုကို ဖော်ဆောင်ပေးနေသော အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ ကျွန်ုပ်တို့ဟာ ပရော်ဖက်ရှင်နယ် ပီသစွာ အကောင်းဆုံးသော ဝန်ဆောင်မှုများ ပေးနိုင်ဖို့လည်း အမြဲ ကြိုးစား လျက်ရှိပါသည်။

အသိပညာ အသစ်အဆန်းများ ရှာဖွေ လေ့လာဆည်းပူးချင်သူ၊ အကြံဉာဏ်ကောင်းများ ရှာဖွေဖော်ထုတ်ဖို့ စိတ်အားထက်သန်သူ၊ ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများအပေါ် စိတ်ဝင်စားမှုရှိသူများအား ကျွန်ုပ်တို့နှင့်လက်တွဲလုပ်ကိုင်ရန် ကြိုဆိုအပ်ပါတယ်။ ပေါင်းလဒ် နဲ့ထပ်တိုးပေါင်းစပ်ပြီး တန်ဖိုးမြှင့်ဖို့ အခုပဲ ဆက်သွယ်လိုက်ပါ။

"Every project is unique. Cross functional team brainstorming is one of our rituals."

Mra Theingi Zan

Senior Credit Analyst

ဆက်သွယ်ရန်