ဝန်ထမ်းအား လူတွေ့မေးမြန်းခြင်း
မမြသိင်္ဂီသည် Pluses Financialတွင် အလုပ်လုပ်ကိုင်နေသည့် Senior Credit Analyst များထဲမှ တစ်ဦးဖြစ်ပါသည်။ ဤလူတွေ့ မေးမြန်းခြင်း၌၊ သူမအနေဖြင့် Pluses Financialတွင် အလုပ်လုပ်ကိုင်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများအား ပြောကြားခဲ့ပြီး၊ Pluses Financial အနေဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် သူမ၏ လုပ်ငန်းတာဝန်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။

“Every project is unique. Cross functional
team brainstorming is one of our rituals.”

Mra Theingi Zan
Senior Credit Analyst

ရိုးရိုးရှင်းရှင်းဘဲ ပြောပါမယ်၊ ကျွန်မတို့အနေနဲ့ ကန်ထရိုက် ချေးငွေဝန်ဆောင်မှုအား ဆောင်ရွက်ပေးပါတယ်၊ သက်တမ်းရှိ ကန်ထရိုက်စာချုပ်နှင့် ဝယ်ယူရန်အမှာစာ ရှိတဲ့ အလတ်စား ကုမ္ပဏီများထံ လိုအပ်တဲ့ လုပ်ငန်းသုံး ရင်းနှီးငွေကို ထုတ်ပေးခြင်း ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ ဝန်ဆောင်မှုဟာ အခြားသော ငွေကြေးဝန်ဆောင်မှုများနှင့် ကွဲပြားပြီး၊ လုပ်ငန်းသုံး ရင်းနှီးငွေ ချေးယူမှုအတွက် အပေါင်ပစ္စည်း မလိုအပ်ခြင်းဘဲ ဖြစ်ပါတယ်။
ဘဏ်လုပ်ငန်းနှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်း နယ်ပယ်မှာရှိတဲ့ ပညာရှင်များ အနေနဲ့ Pluses Financialကို အပေါင်ပစ္စည်း မပါရှိဘဲ ဆောင်ရွက်နိုင်တဲ့ ကန်ထရိုက် ချေးငွေ ရွေးချယ်စရာ အနေနဲ့ အသိအမှတ် ပြုကြပါတယ်။
လုပ်ငန်းအပ်နှံသူ တွေအတွက်ကတော့၊ ချေးငွေအတွက် လျှောက်ထားခြင်းက အလွန် ရိုးရှင်းတဲ့ လုပ်ငန်းစဥ် ဖြစ်ပါတယ်။ လိုအပ်တဲ့ စာရွက်စာတမ်းတွေဖြစ်တဲ့ ဝယ်ယူရန် အမှာစာများနဲ့ ကန်ထရိုက်စာချုပ်တွေက သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ လက်ရှိ အသုံးပြု နေတဲ့ စာရွက်စာတမ်းတွေဘဲ ဖြစ်ပါတယ်။ ဒုတိယ အကျိုးကျေးဇူးကတော့၊ သူတို့တွေ ဆောင်ရွက်နေတဲ့ စီးပွားရေးလုပ်ငန်းနဲ့ လုပ်ငန်းနယ်ပယ်တို့ကို ကျွန်မတို့ အနေနဲ့ သိရှိနားလည်ပါတယ်ဆိုတဲ့ ယုံကြည် လက်ခံမှုကို ရနိုင်ခြင်းဘဲ ဖြစ်ပါတယ်၊ ကျွန်မတို့ အနေနဲ့ အချက်အလက်ရှာဖွေခြင်း ဒါမှမဟုတ် ယင်းတို့နှင့် အစည်းအဝေးများ အကြိမ်ကြိမ် ဆောင်ရွက်ခြင်း စသည်တို့ လုပ်ဆောင်ခြင်းဖြင့် သုတေသန လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ပါတယ်။ တတိယအနေဖြင့် ပြောရရင်၊ ယင်းကဲ့သို့ ဆောင်ရွက်ခြင်းသည် အချို့သော စီးပွားရေးလုပ်ငန်းတွေ အတွက် အသစ် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ ကျွန်မတို့နှင့် ပထမဆုံးအကြိမ် လုပ်ငန်းဆောင်ရွက် ပြီးနောက်တွင်၊ လုပ်ငန်းအပ်နှံသူများ အနေဖြင့် ကျွန်မတို့ရဲ့ လုပ်ငန်းစဥ်နဲ့ ရင်းနှီးကျွမ်းဝင်မှု ရှိလာနိုင်ပါသည်၊ ယင်းအချက်သည် လုပ်ငန်းအပ်နှံသူများအတွက် နောက်တစ်ကြိမ် ကျွန်မတို့နှင့် လုပ်ငန်းဆောင်ရွက်ရန် လွန်စွာ လွယ်ကူ အဆင်ပြေစေပါတယ်။ ဝန်ထမ်းများအတွက် ဆိုရရင်၊ Pluses Financialတွင် အသင်းအဖွဲ့ဖြင့် လုပ်ဆောင်မှုအား တန်ဖိုးထားပါတယ်။ မည်သည့် အလုပ်ကိုမှ တစ်ဦးတစ်ယောက်တည်း မဆောင်ရွက်ပါ။ ဒါပေမယ့်၊ သင့် အလုပ်တာဝန်အပြင် မိတ်ဆွေများ၏ အလုပ်များအား သင်က ဆောင်ရွက်ရမည်ဟု မဆိုလိုပါ။ ဆိုလိုသည်မှာ အခြားသော အဖွဲ့ဝင်တစ်ဦး၏ အလုပ်နှင့် သက်ဆိုင်သည့် အခက်အခဲများ အပေါ်တွင် အကြံဥာဏ်များနှင့် အထောက်အပံ့ပေးရန်အတွက် အဖွဲ့သားအားလုံး အသင့်ရှိနေခြင်း ဖြစ်ပါတယ်။
အသင်းအဖွဲ့တစ်ရပ် အနေဖြင့် အကောင်းဆုံးဖြစ်ရန် ကြိုးပမ်းခြင်းပင် ဖြစ်ပါတယ်။ ဥပမာအားဖြင့်၊ ကျွန်မအနေနဲ့ တင်ပြမှုတစ်ရပ်အား အကောင်းဆုံး ကြိုးစား လုပ်ဆောင်ခဲ့ပေမဲ့ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်များက သူတို့ရဲ့ ကွဲပြားတဲ့ အတွေးအမြင်များနဲ့ တင်ပြပြီး ပိုမို ကောင်းမွန်အောင် ဆောင်ရွက်နိုင်တယ်။ ဒါကြောင့်၊ နောက်ဆုံး ရလာဒ်သည် မတူကွဲပြားတဲ့ စဥ်းစားတွေးခေါ်မှုများရဲ့ ရလာဒ်ဖြစ်သောကြောင့် ပိုပြီးပြည့်စုံပါမည်။
ကျွန်မအနေဖြင့် လုပ်ငန်းလည်ပတ် ဆောင်ရွက်ခြင်းများအတွက် အများဆုံး ထမ်းဆောင်ရပါတယ်။ Senior Credit Analyst တစ်ဦး အနေဖြင့်၊ ကျွန်မရဲ့ အလုပ်တာဝန်များ ထဲတွင် လုပ်ငန်းအပ်နှံသူများနဲ့ တွေ့ဆုံခြင်း၊ အချက်အလက်နှင့် ဆုံးရှုံးနိုင်ခြေများအား ဆန်းစစ်ခြင်း၊ တင်ပြမှုများအား ပြင်ဆင်ခြင်း၊ အဖွဲ့နှင့် အကြံဥာဏ်များ ဆွေးနွေးဖလှယ်ခြင်းနှင့် ငြင်းပယ်ခြင်း သို့မဟုတ် ငွေထုတ်ပေးခြင်း အတွက် ဆုံးဖြတ်ပြီးနောက်တွင် ဆက်လက်ဆောင်ရွက်ရမည့် အခြား လုပ်ငန်းစဥ်များအား ဆောင်ရွက်ခြင်းတို့ ပါဝင်ပါတယ်။ အလုပ်တာဝန်နှင့် ဆောင်ရွက်ရတဲ့ ပမာဏသည် ပရောဂျက် တစ်ရပ်ချင်းစီတွင် ကွဲပြားပါတယ်၊ များသောအားဖြင့်၊ ကျွန်မတို့အနေနဲ့ ပရောဂျက်များကို တစ်ချိန်တည်းတွင် ဆောင်ရွက်ရပါတယ်။
ရှိပါတယ်။ ကျွန်မရဲ့ စိတ်ထဲမှာ အခုပေါ်လာတဲ့ ဥပမာတစ်ခုကတော့ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးက စာရင်းအင်းနှင့် ပတ်သက်တဲ့ လုပ်ငန်းလည်ပတ်မှု လုပ်ငန်းစဥ်ဆိုင်ရာ စံသတ်မှတ်ချက် တွေကို ရေးတဲ့အချိန်မှာ အကူအညီ တချို့လိုအပ်တဲ့ အချိန်က ဖြစ်ပါတယ်။ သူမက ဥက္ကဌနှင့် ဆွေးနွေးပြီး၊ ဥက္ကဌက ကျွန်မအနေနဲ့ စာရင်းအင်း အတွေ့အကြုံ အတော်အသင့် ရှိထားတဲ့အတွက်ကြောင့် ယင်းကိစ္စအား အကူအညီ ပေးရန် ပြောဆိုခဲ့ပါတယ်။ ကျွန်မက ယင်းကိစ္စရပ်တွင် ကျွမ်းကျင်သူတစ်ဦး မဟုတ်သော်လည်း သူမအား အကူအညီ ပေးနေစဥ်မှာ သူမအနေနဲ့ ကျွန်မရဲ့ အသိပညာအား အသိအမှတ်ပြုမှုကို ပြသခဲ့ပါတယ်၊ ကျွန်မရဲ့ အကြံပေးမှုများအား ထည့်သွင်းစဥ်းစားခဲ့ပြီး ယင်းတို့အနေဖြင့် ဘာကြောင့် ဆောင်ရွက်သလဲ ဒါမှမဟုတ် မဆောင်ရွက်သလဲ ဆိုတဲ့ တုံ့ပြန်ချက်ကို ပေးခဲ့ပါတယ်။ ယင်းအပြုအမှုက ကျွန်မရဲ့ ယုံကြည်မှုကို ပိုမိုတိုးတက်စေပါတယ်၊ ကျွန်မ အကူအညီပေးခဲ့တဲ့ အရာသည် သူမအလုပ်အတွက် အမှန်တယ် အသုံးဝင်သွားသည်ကို သိရှိလိုက်ရတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ ကျွန်မ အနေဖြင့် သူမထံက လေ့လာသင်ကြား ခဲ့ရတာကတော့ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်များက ကျွန်မကို ကူညီပါက အသိအမှတ်ပြုပေးရန်နဲ့ အသုံးဝင်တဲ့ တုန့်ပြန်ချက်ကို ပြန်လည် ပေးရန်ဘဲဖြစ်ပါတယ်။
အကြံဥာဏ်များ ဆွေးနွေးဖလှယ်တဲ့ အချိန်များလို့ဘဲ ပြောချင်ပါတယ်၊ ဒါပေမယ့် ဒါဟာ ကျွန်မတို့ရဲ့ ဆောင်ရွက်နေကျ အလုပ်ဖြစ်တဲ့ အတွက်ကြောင့် ထူးခြားတဲ့ အချိန်ကာလတစ်ရပ်ကိုတော့ ကျွန်မအနေနဲ့ အမှတ်ရထားခြင်းမျိုး မရှိပါဘူး။ ဒါပေမယ့် ကျွန်မ ပထမဆုံး အလုပ်စဆင်းတဲ့ နေ့ကို အမှတ်ရနေပါတယ်၊ ငွေကြေးဆိုင်ရာ ထိန်းသိမ်းကြီးကြပ်သူနဲ့ ဥက္ကဌရုံးခန်းမှ အမှုဆောင် မန်နေဂျာ တို့က ကျွန်မအထက်မှာ ပြောခဲ့တဲ့ အလုပ်များထဲက တစ်ချို့အား ဆောင်ရွက်နေကြသည်ကို ကျွန်မ အနေဖြင့် မြင်တွေ့ခဲ့ရပါတယ်။ ရုံးမှာရှိတဲ့ လူတိုင်းသည် လိုအပ်လာတဲ့အခါ ဆောင်ရွက်ရန် အသင့်ရှိနေခြင်းနဲ့ ယင်းတို့ရဲ့ အထူးပြု လုပ်ငန်းဆောင်ရွက်မှုအရ လေ့လာသင်ယူမှုကို အကန့်အသတ်မထားရှိဘဲ ဆောင်ရွက်ကြခြင်း စသည်တို့ဟာ ကျွန်မအတွက် အမှတ်ရစေပါတယ်။
လုပ်ငန်းခွင်တွင်း အချိန်အတော်များများမှာ ကျွန်မတို့အနေနဲ့ “အားနာတယ်” ဆိုတာကို ဖြစ်စေနိုင်ပါတယ်၊ ဒါပေမယ့် ယင်းကို ကျွန်မတို့ရဲ့ လုပ်ငန်းခွင်မှာ ခွင့်ပြုထားခြင်း မရှိပါဘူး။ အထူးသဖြင့် ကျွန်မတို့ ဆောင်ရွက်နေတဲ့ လုပ်ငန်းသဘောတရား အရ ယင်းကိစ္စသည် အရေးကြီးပါတယ်။ ဥပမာအားဖြင့်၊ ဒသမကိန်း အမှတ် တစ်နေရာ ဒါမှမဟုတ် တစ်ကျပ် ကိုပင် သေချာစွာ စစ်ဆေးပါတယ်၊ များစွာသော တစ်ကျပ်သည် သန်းချီသည်အထိ ဖြစ်သွားနိုင်ပါတယ်။ နောက်ထပ် ရိုးရှင်းတဲ့ ဥပမာတစ်ခုကတော့၊ ကုမ္ပဏီပြင်ပအတွက် စာများနှင့် ကုမ္ပဏီတွင်း စာများအတွက် ကျွန်မတို့အနေနဲ့ logo ထားရှိမှုစနစ် တစ်ရပ် ကျင့်သုံးပါတယ်။ စာရွက်စာတမ်း၏ ကုဒ်နံပါတ်မှ တစ်ဆင့်ဖြစ်စေ ဒါမှမဟုတ် logo ထားရှိမှုအရ ဖြစ်စေ ကျွန်မတို့အနေနဲ့ မည်သည့်စာသည် မည်သည့်ကိစ္စရပ်အတွက် ဖြစ်သည်ကို ဖော်ပြနိုင်ပါတယ်။ ကျွန်မတို့ အနေနဲ့ ယင်းကဲ့သို့ အသေးစိတ်များကိုပင် ဂရုပြုပါတယ်။ မည်သည့် အခြေအနေတွင်မဆို၊ “ရပါတယ်” ဆိုသော စကားရပ်ကို တားမြစ်ထားပါတယ်။ အကယ်၍ တစ်စုံတစ်ရာအား ရှင်းလင်းမှုမရှိပါက၊ ကျွန်မတို့ အနေနဲ့ အမြဲတမ်း မေးမြန်းလေ့ရှိပြီး၊ မိမိအထင်ဖြင့် ယူဆခြင်းမျိုး မလုပ်ဆောင်ပါ။
Pluses မှာ ကျွန်မကြိုက်တဲ့ ဝန်ထမ်းဆိုင်ရာ ကျင့်ဝတ်ထုံးတမ်း များစွာရှိပါတယ်၊ ဒါပေမယ့် ကျွန်မ အနေနဲ့ အမှန်တကယ် အသိအမှတ်ပြုချင်တဲ့ အချက်ကတော့ ရုံးခန်းမှာ အသုံးပြုတဲ့ ဖုန်းပြောဆိုမှု ကျင့်ဝတ်ထုံးတမ်း ဘဲဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ ရုံးခန်းသည် အဖွင့် အခန်းဖွဲ့စည်းပုံ အနေအထား ဖြစ်ပြီး၊ နေရာလွတ်များစွာ မရှိပါ။ ဒါကြောင့်၊ အလုပ်စားပွဲ တစ်ခုနှင့် တစ်ခုကြားတွင် အသံအနေနဲ့ ကောင်းမွန်စွာ ဖြတ်သန်းနိုင်ပါတယ်။ ကျွန်မတို့ ကျင့်သုံးတဲ့ ကျင့်ဝတ်ထုံးတမ်းကတော့ ရုံးခန်း ဧရိယာအတွင်းမှာ တစ်ကိုယ်ရည် ဖုန်းခေါ်ဆိုခြင်းများကို တားမြစ်ထားပါတယ်။ ယင်းခေါ်ဆိုမှုများအတွက် တိုတိုနှင့် လိုရင်းကိုသာပြောဆိုရန် ဒါမှမဟုတ် အခြားတစ်နေရာတွင် ပြောဆိုရန် အကြံပြုထားပါတယ်။ ကျွန်မတို့အနေဖြင့် အဆိုပါ စည်းမျဥ်းအား ချမှတ်ထားတဲ့အတွက်ကြောင့်၊ အလုပ် လုပ်ကိုင်နေစဥ်အတွင်း ကျွန်မတို့ရဲ့ အာရုံစူးစိုက်မှုကို အနှောင့်အယှက်ပေးနိုင်တဲ့ မလိုအပ်တဲ့ အသံများကို ရှောင်ရှားနိုင်ခြင်း အကျိုးကျေးဇူးကို ရရှိပါတယ်။ နောက်တစ်ချက်သည် ပရောဖက်ရှင်နယ် ပီသမှုဖြစ်ပါတယ်။ ကျွန်မဆိုလိုရင်းက ကျွန်မတို့ရဲ့ ပုဂ္ဂိုလ်ရေး ဘဝနဲ့ အလုပ်အကိုင် ဘဝအား ခွဲခြားထားနိုင်ခြင်း ဖြစ်ပြီး၊ ပရော်ဖက်ရှင်နယ် ပီသရမည်ဟူသော စိတ်ခံစားမှုကို ထိန်းသိမ်းထားခြင်းဘဲ ဖြစ်ပါတယ်။ ဥပမာအားဖြင့်၊ ရုံးခန်းအတွင်းသို့ ရောက်ရောက်ချင်းပင်၊ ကျွန်မတို့ရဲ့ ရုံးချိန်မရောက်မီ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စများကြောင့် ပေါ်ပေါက်တဲ့ စိတ်ခံစားမှုတစ်ရပ်ရပ်ရဲ့ လွှမ်းမိုးမှုမရှိဘဲ ဆက်ဆံ ပြောဆိုရန် ကျွန်မတို့ အနေနဲ့ ကြိုးစားကြပါတယ်။
အဖွဲ့အစည်းတစ်ရပ်ရဲ့ တန်ဖိုးများ၊ ကုန်အမှတ်တံဆိပ်နှင့် နာမည်ကောင်းရရှိမှု စသည်တို့ကို ယင်းရဲ့ အလေ့အထ မှတစ်ဆင့် ဆန်းစစ်နိုင်ပါတယ်။ ဒါကြောင့် လွန်စွာအရေးကြီးတယ်လို့ ထင်မြင်ပါတယ်။ ကျွန်မအတွက်ကတော့၊ လုပ်ငန်းအပ်နှံသူများ ယုံကြည်ပြီး၊ ဂုဏ်ယူနိုင်တဲ့ အဖွဲ့အစည်း တစ်ရပ်မှာ အမြဲတမ်း အလုပ်လုပ်ကိုင် ချင်ခဲ့မိပါတယ်။ Pluses မှာကျတော့၊ ကျွန်မတို့ ပြောဆိုဆက်ဆံမှုနဲ့ စီးပွားရေး ဆောင်ရွက်မှုကို ကျွန်မတို့ရဲ့ အလေ့အထနဲ့ ပရောဖက်ရှင်နယ် ပီသမှုတို့က လမ်းညွှန်ပေးပါတယ်။ ဟုတ်ပါတယ်၊ တည်ထောင်စ အဖွဲ့အစည်း တစ်ရပ်ဖြစ်တဲ့ အတွက်ကြောင့်၊ ကျွန်မတို့ရဲ့ အလေ့အထကို တည်ဆောက်နေဆဲ ဖြစ်ပြီး၊ ဖော်ပြပါ ခံယူချက်သဘောထားများ အားလုံးအတိုင်း လိုက်နာရာမှာ ကျွန်မတို့အနေနဲ့ အားနည်းချက်များ ရှိနိုင်ပါတယ်၊ ဒါပေမယ့်၊ ကျွန်မတို့ အနေနဲ့ ပုံမှန်အားဖြင့် တိုးတက်မှု ရှိနေပါတယ်။
ကျွန်မတို့ရဲ့ ဝန်ဆောင်မှုကို အသုံးပြုနေသရွေ့ ပရောဂျက်တစ်ခုကို ဆန်းစစ်တဲ့အချိန်မှာ၊ ကျွန်မတို့ အနေနဲ့ လုပ်ငန်းအပ်နှံသူရဲ့ စီးပွားရေး အကျိုးအမြတ် မည်သို့ပင်ဖြစ်စေ၊ ငွေကြေးဆိုင်ရာ ဖြေရှင်းချက် တစ်ရပ်တည်းကိုသာ ဖော်ဆောင်ပေးရန် မရည်ရွယ်ပါ။ ဥပမာအားဖြင့်၊ လုပ်ငန်းအပ်နှံသူက အတိုးနဲ့တကွ ချေးငွေကို ပြန်လည်ပေးဆပ်ပြီးနောက်၊ ပရောဂျက်ထံမှ အမြတ်ငွေ အနည်းငယ်သာ ကျန်ရှိနိုင်မည် ဆိုပါက၊ အဆိုပါ နည်းလမ်းကို ကျွန်မတို့ အနေနဲ့ ပယ်ဖျက်ပြီး အခြားသော အဖြေတစ်ရပ်ကို ညွှန်ပြပေးမည် ဖြစ်ပါတယ်။ လုပ်ငန်းအပ်နှံသူများနဲ့ ကျွန်မတို့ ကိုယ်တိုင် နှစ်ဦးလုံး အကျိုးအမြတ်ရှိတဲ့ ဖြေရှင်းချက်ကိုသာ အမြဲတစေ ကြိုးစားရှာဖွေပါတယ်။
ပရောဂျက်နဲ့ စပ်လျဥ်းပြီး ပြောရမယ်ဆိုရင်၊ ကျွန်မတို့အနေနဲ့ ဥက္ကဌ၊ ဘဏ္ဍရေးဆိုင်ရာ အရာရှိချုပ်၊ ကျွန်မတို့ရဲ့ အကြီးတန်း အရာရှိများနဲ့ အမြဲတမ်း ဆွေးနွေးခွင့် ရရှိပါတယ်။ ပရောဂျက်အတွက် လက်ရှိအသုံးပြုနေတဲ့ နည်းလမ်းစဉ်နဲ့ သွားရမယ့် လမ်းကြောင်းကို ယင်းတို့အနေနဲ့ အသိပေးပါတယ်။ ဒါ့အပြင်၊ အဖွဲ့အတွင်းမှာရှိတဲ့ လူတိုင်းသည် အဖွဲ့ဝင်တစ်ဦးချင်းစီ ဆောင်ရွက်နေတဲ့ အလုပ်ကို ကောင်းစွာသိရှိပါတယ်။ ရုံးတွင်း ဆက်ဆံရေးနှင့် ပတ်သက်ပြီး ပြောရမယ်ဆိုရင်၊ ကျွန်မတို့ အချင်းချင်း ဆက်သွယ်ရာမှာ အလုပ်ရာထူးများကို အသုံးမပြုဘဲ ရှေ့ဆုံးအမည်ကိုသာ သုံးစွဲပြီး ရင်းရင်းနှီးနှီး ဆောင်ရွက်ပါတယ်။ ဒါပေမယ့်၊ လေးလေးစားစား ရှိစေရန် မြန်မာခေါင်းစီး (ကို၊မ) ကို အသုံးပြုပါတယ်။

မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး ငွေကြေးဝန်ဆောင်မှုဆိုင်ရာ ထုတ်ကုန်တစ်ရပ်ကို ကျွန်မတို့အနေနဲ့ အစပျိုး ဆောင်ရွက်ခဲ့တဲ့ အတွက်ကြောင့်၊ သတင်းအချက်အလက်နှင့် စာရွက်စာတမ်း စီမံခန့်ခွဲခြင်းစနစ် အပါအဝင်၊ ကျွန်မတို့ရဲ့ လုပ်ငန်းလည်ပတ်ခြင်းဆိုင်ရာ လုပ်ငန်းစဥ် စံသတ်မှတ်ချက်များကို ကျွန်မတို့ကိုယ်တိုင် တည်ဆောက်ရန် လိုအပ်လာခဲ့ပါတယ်။ ကျွန်မတို့ရဲ့ စီမံခန့်ခွဲသူများ အနေနဲ့ ကုမ္ပဏီတွင်းသုံး စနစ်ကို တည်ဆောက်ရန် ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါကြောင့်၊ ကျွန်မတို့ အနေနဲ့ လုပ်ငန်းအမျိုးအစား မတူညီတဲ့ အဖွဲ့အချင်းချင်း အကြံဥာဏ် ဆွေးနွေးဖလှယ်ခြင်းများကို အပတ်စဥ် ဆောင်ရွက်ခဲ့ပါတယ်။ ကျွန်မတို့ရဲ့ ရည်ရွယ်ချက်မှာ၊ အချက်အလက် ရှာဖွေခြင်းနဲ့ ဖတ်ရှုခြင်းအတွက် အချိန်များစွာ ကုန်ကျခြင်းမရှိဘဲ၊ ခွင့်ပြုချက်ရရှိထားတဲ့ ပုဂ္ဂိုလ်အနေနဲ့ ဖိုင်များ၊ သတင်းအချက်အလက်များကို အဝေးမှ ရယူနိုင်တဲ့ စနစ်တစ်ရပ်ကို ရေးဆွဲ၊တည်ဆောက်ရန် ဖြစ်ပါတယ်။

ကျွန်မတို့ရဲ့ အဖွဲ့အတွင်းမှာရှိတဲ့ အဖွဲ့ဝင်အားလုံးနီးပါးအတွက် စနစ်တည်ဆောက်ခြင်းသည် အတွေ့အကြုံ အသစ်တစ်ရပ် ဖြစ်ခဲ့ပါတယ်။ ကျွန်မတို့အားလုံးသည် အခြားသော နေ့စဥ် ဆောင်ရွက်ရမယ့် အလုပ်များနှင့် တာဝန်များ ရှိသော်လည်း အဆိုပါ ပရောဂျက်အပေါ်တွင် နှစ်မြှပ် ဆောင်ရွက်ခဲ့ကြပါတယ်။ ကျွန်မအနေနဲ့ စာရွက်စာတမ်း ဝေငှအသုံးပြုခြင်းဆိုင်ရာ အဆင့်ဆင့် ဖွဲ့စည်းတည်ဆောက်ပုံ အတွက် တာဝန်ယူခဲ့ရပါတယ်၊ ယင်းရဲ့ ပထမဦးဆုံးမူအား အားလုံးရဲ့ တုန့်ပြန်ချက်များပေါ် အခြေခံပြီး ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခဲ့ပါတယ်။ ကျွန်မတို့အနေနဲ့ ပြင်ပ အကြံပေးတစ်ဦးအား ငှားရမ်းပြီး၊ ဒီဇိုင်းရေးဆွဲရန်နှင့် အသုံးပြုရန် တစ်ရက်အပြည့် နည်းပညာ သင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့ပါတယ်။ နောက်ဆုံးမှာ ကျွန်မတို့အနေနဲ့ အပြည့်အဝ အသုံးချနိုင်တဲ့ စာရွက်စာတမ်းနှင့် သတင်းအချက်အလက် စီမံခန့်ခွဲမှု စနစ်တစ်ရပ်ကို တည်ဆောက်နိုင်ခဲ့ပြီး၊ အဖွဲ့လိုက် ကြိုးပမ်းမှုကြောင့် ကျွန်မတို့ရဲ့ ရည်မှန်းချက်အားလုံး ပြည့်ဝခဲ့ပါတယ်။ အဆိုပါ အောင်မြင်တဲ့ ရလာဒ်သည် အချိန်ကိုက် အနေနဲ့ဖြစ်သွားခဲ့ပါတယ်၊ ဘာလို့လဲဆိုတော့၊ ယင်းစနစ်ရဲ့ အားသာချက်တွေဟာ Covid-19 ကပ်ရောဂါကြောင့် ပေါ်ပေါက်တဲ့ အလုပ်ဆိုင်ရာ ကန့်သတ်ချက်များအား ကျွန်မတို့အားလုံး ကျော်လွှားနိုင်စေရန် အထောက်အကူ ပေးခဲ့ပါတယ်။

အဲဒါကတော့ ရာထူးအပေါ်မှာ မူတည်ပါမယ်။ ရေဘူယျအားဖြင့် ပြောရမယ်ဆိုရင်၊ အဖွဲ့များအတွင်းမှာ အလုပ်လုပ်နိုင်စွမ်းရှိခြင်းဟာ အခြေခံကျတဲ့ အချက်ဖြစ်ပါတယ်၊ သင်ဟာ သင်ရဲ့ လုပ်ဖော်ကိုင်ဖက်များကို လုပ်ငန်းကိစ္စရပ်များအတွက် အကူအညီပေးရန် အသင့်ရှိနေရပါမယ်၊ ဒါ့အပြင်၊ အကူအညီ လိုအပ်ပါကလည်း ပရောဖက်ရှင်နယ်ပီသစွာ အကူအညီ တောင်းခံနိုင်စွမ်း ရှိရပါမယ်။ ဒုတိယအချက်ကတော့၊ စဥ်ဆက်မပြတ် လေ့လာနေရန်ဖြစ်ပါတယ်၊ မတူညီတဲ့ ပရောဂျက်များမှ လေ့လာရုံတင်မကဘဲ သင်အထူးပြုထားတဲ့ အလုပ်အရ ကန့်သတ်မထားဘဲ လေ့လာနေရန် လိုအပ်ပါတယ်။ နောက်ဆုံးအနေနဲ့ ပြောရရင်၊ ခက်ခဲတဲ့ အလုပ် အခြေအနေများကို လက်ခံနိုင်တဲ့ စိတ်ဓာတ်ကို မွေးမြူသင့်ပါတယ်၊ ကျွန်မတို့အနေနဲ့ မတူညီတဲ့ လုပ်ငန်းအပ်နှံသူများ၊ အမျိုးမျိုးသော ပရောဂျက်များကို တစ်ချိန်တည်းတွင် ဆောင်ရွက်ရမည် ဖြစ်သောကြောင့် ဖြစ်ပါတယ်။
သင့်အနေနဲ့ ပရောဂျက် အမျိုးမျိုးကို တစ်ချိန်တည်းတွင် ဆောင်ရွက်ရမည် ဖြစ်သော်လည်း၊ ဖိအားအနေနဲ့ မမှတ်ယူသင့်ပါ၊ သင့်အား အခြားသော အဖွဲ့ဝင်များက ဝိုင်းဝန်းကူညီ ကြမည်ဖြစ်ပြီး၊ ပရောဂျက် အောင်မြင်စေရန် တစ်ဦးချင်းစီက သင့်အားကူညီပြီး တွဲဖက်အလုပ်လုပ်ကိုင်ရန် အသင့်ရှိနေပါတယ်။ အကယ်၍ သင့်အနေနဲ့ ကောင်းမွန်သော လုပ်ငန်းလည်ပတ်ခြင်းဆိုင်ရာ လုပ်ငန်းစဥ် စံသတ်မှတ်ချက်များ၊ မူဝါဒများ၊ လမ်းညွှန်ချက်များနဲ့ ပရောဖက်ရှင်နယ်ပီသစွာ အလုပ်လုပ်ကိုင် လိုပါက၊ Pluses Financialမှာ ကျွန်မတို့နှင့် အတူတကွ ပူးပေါင်းအလုပ်လုပ်ကိုင်ပြီး တိုးတက်ဖွံ့ဖြိုးမှုကိုရယူရန် ဆက်သွယ်လိုက်ပါ။