ဆေးကုသမှုဆိုင်ရာပစ္စည်းကိရိယာ များဝယ်ယူရေး အတွက်ချေးငွေဝန်ဆောင်မှု
စီမံကိန်း နမူနာ

ပြည်သူ့ကျန်းမာရေးစီမံခန့်ခွဲမှုဌာနအတွက်ဓာတ်ခွဲခန်းဆိုင်ရာပစ္စည်း ကိရိယာပေးသွင်းခြင်း

ချေးငွေရယူသည့်ကုမ္ပဏီသည် ဓာတ်ခွဲခန်းတည်ဆောက်ရေးလုပ်ငန်းတစ်ခုတွင် လိုအပ်သော ပုံကြမ်းများ ရေးဆွဲခြင်း၊ ပစ္စည်းကိရိယာ၊ ပရိဘောဂထောက်ပံ့ခြင်း အပါအဝင် လုပ်ငန်းစီမံခန့်ခွဲရေးစနစ် တစ်ခုလုံးကို အစမှအဆုံး အလုံးစုံ ဝန် ဆောင်မှုပေးနေသည့် ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ ကုမ္ပဏီသည် ပြည်သူ့ကျန်းမာရေး စီမံခန့်ခွဲမှုဌာနအတွက် ဓာတ်ခွဲ ခန်းသုံးဖန်ထည်ပစ္စည်းများ၊ဓာတုပစ္စည်းများနှင့်ဗက်တီးရီးယား မွေးမြူခြင်းဆိုင်ရာ ပစ္စည်းများပေးသွင်း ရန်အတွက် စာချုပ်ချုပ်ဆိုခဲ့ပါသည်။ “ပေါင်းလဒ်”အနေဖြင့် အထက်ပါပစ္စည်းကိရိယာ များ ဝယ်ယူရန်အတွက် အပေါင်ပစ္စည်း မလိုအပ်သည့် ချေးငွေကျပ်သန်း (၁၆၀) အား (၄) လသက်တမ်းဖြင့် ချေးဌားခဲ့ပါသည်။

ဒစ်ဂျစ်တယ် X-Ray ဓာတ်မှန်ရိုက်စနစ် အဆင့်မြှင့်တင်ခြင်း

ချေးငွေရယူသည့်ကုမ္ပဏီသည် မန္တလေးမြို့တွင်အထင်ကရပုဂ္ဂလိကဆေးကုခန်းတစ်ခုဖြစ်ပြီး ရောဂါရှာ ဖွေခြင်းနှင့် ဓာတ်ခွဲခန်းဆိုင်ရာဝန်ဆောင်မှုများအား ၂၀၁၁ ခုနှစ်ကစတင်လုပ်ကိုင်ခဲ့ပါသည်။ ၎င်းတို့၏ ရောဂါရှာဖွေခြင်းနှင့် ဓာတ်ခွဲခန်းတွင် အသုံးပြုလျှက်ရှိသော ဓာတ်မှန်ရိုက်စက်အား ခေတ်မှီ နောက်ဆုံးပေါ် ဓာတ်မှန်ရိုက်စက်ဖြင့် အစား ထိုးလဲလှယ်အဆင့်မြှင့်တင်ရန်ချေးငွေလျှောက်ထားခဲ့ပါသည်။ အထက်ပါဓာတ် မှန်ရိုက်စက်ဝယ်ယူရန်အတွက် “ပေါင်းလဒ်”အနေဖြင့် အပေါင်ပစ္စည်းမလိုအပ်သည့် ချေးငွေကျပ်သန်း (၁၀၀) ကိုသက်တမ်းကာလ (၁၈)လ အတွင်း (၃)လ တစ်ကြိမ် အရစ်ကျပြန်လည်ပေးဆပ်ရန် စည်းကမ်း သတ်မှတ်ချက်ဖြင့်ချေးဌားခဲ့ပါသည်။