Work-with-us-banner
×

အွန်လိုင်းလိမ်လည်မှုကျူးလွန်ရာတွင် နိုင်ငံသားစိစစ်ရေးကတ်နှင့် ကိုယ်ရေးအချက်အလက်များအား ဒုစရိုက်သမားများ၏ တလွဲအသုံးချမှုမခံရစေရေးအတွက် ပြည်သူများသို့ သတိပေးနှိုးဆော်ချက်

  • “မိမိ၏ နိုင်ငံသားစိစစ်ရေးကတ်ကို မျှဝေခြင်းသည် မိမိကိုယ်ကို အန္တရာယ်ပေးခြင်းနှင့် တူသည်”
  • “မိမိ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ကာကွယ်ခြင်းသည် မိမိ၏တာဝန်ဖြစ်သည်”
  • “နိုင်ငံသားစိစစ်ရေးကတ်အတုများသည် သင့်အား အမှုအခင်းပြဿနာများထဲသို့ ဆွဲခေါ်နိုင်သည်၊ သတိထားပါ”
  • “စစ်မှန်သော နိုင်ငံသားစိစစ်ရေးကတ်ဖြင့်သာ နိုင်ငံသားအဖြစ် ဂုဏ်ယူပါ”
  • “နိုင်ငံသားစိစစ်ရေးကတ်အတုများကို သုံးစွဲသူများသည် ရာဇဝတ်မှုတွင် ပါဝင်နေပါသည်”
  • “နိုင်ငံသားစိစစ်ရေးကတ်အတုများကို သုံးစွဲခြင်းသည် နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေနိုင်သည်”

အွန်လိုင်းလိမ်လည်မှုကျူးလွန်ရာတွင် နိုင်ငံသားစိစစ်ရေးကတ်နှင့် ကိုယ်ရေးအချက်အလက်များအား ဒုစရိုက်သမားများ၏ တလွဲအသုံးချမှုမခံရစေရေးအတွက် ပြည်သူများ သိရှိလိုက်နာဆောင်ရွက်ရန် သတိပေးချက်

  • မိမိ၏နိုင်ငံသားစိစစ်ရေးကတ်အား တရားဝင်လုပ်ငန်းကိစ္စရပ်များမှတစ်ပါး အခြားသူတစ်ဦးတစ်ယောက်ထံ မပေးပါနှင့်၊
  • မိမိ၏ နိုင်ငံသားစိစစ်ရေးကတ်အား မလိုအပ်ဘဲ မိတ္တူကူးယူ၍ မသက်ဆိုင်သူထံ ပေးအပ်ခြင်း မပြုပါနှင့်၊
  • နိုင်ငံသားစိစစ်ရေးကတ်နှင့် ကိုယ်ရေးအချက်အလက်များကို အွန်လိုင်းပေါ်တွင် မျှဝေခြင်း မပြုပါနှင့်။

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.